ကုလသမဂ္ဂမှာ နေရာမရဘူးဆိုတာ စစ်ကောင်စီအတွက်တော့ အရှိုက်ထိတာပဲ (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၁၄၊ ၂၀၂၁
ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာလ ၁၄ ရက် ဒီနေ့မှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ သံ အမတ်ကြီး ဦးကျော်မိုးထွန်းကို ယာယီအနေနဲ့ ဆက်လက်အသိအမှတ်ပြုဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့အကြား သဘောတူညီမှု ရရှိထားတယ်ဆိုပြီး အမေရိကန် အခြေစိုက် နိုင်ငံခြားရေးရာ မူဝါဒစာစောင် Foreign Policy က ရေးသားထားပါတယ်။
တရုတ်နဲ့ အမေရိကန် ကမကထ ပြုလုပ်ပြီး ညှိနှိုင်းထားတဲ့ ဒီသဘောတူညီမှုကို ရုရှား အပါအဝင် ဥရော ပသမဂ္ဂ အီးယူ၊ အာဆီယံ နိုင်ငံတွေကပါ အလွတ်သဘော လက်ခံကြတယ်လို့ သိရပါတယ်။
ဒါဟာ အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံတကာမှာ တရားဝင် အစိုးရသဖွယ် ပုံဖော်နိုင်ဖို့ ကြိုးစားနေမှု ကို အကြီးအကျယ် ထိုးနှက်ခံရတာ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အင်တာဗျူး/တည်းဖြတ် - ဧရာဝတီ
[
Source: youtube.com] [
Comments ] [
See why this is trending]
Comments